နတ်မောက် ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် အင်းကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၄၆၂ တောင်သူ ဦးထိန်းလင်း၏ လယ်မြေတွင် ရေဆင်းစပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်လျှက်ရှိကြောင်း စပ်မျိုး နေကြာမျိုးစေ့ထုတ်စိုက်ခင်း(အဖို+အမ) ဝတ်မှုန်ကူးလုပ်ငန်းအား ခရိုင်မျိုးစေ့တာဝန်ခံ ဦးမြင့်လင်းနှင့် ဒေသခံဝန်ထမ်းများ ပူးပေါင်းဆောင်၇ွက်ပေးခဲ့ကြောင်း မျိုးစေ့ထုတ်လုပ်ငန်းအဆင့်ဆင့်၏ အရေးပ်မှုတို့အား စိုက်ခင်းလက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအတွင်း ပုဂ္ဂလိကမျိုးစေ့ထုတ်စိုက်ကွင်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်စေရန် နှင့် ဒေသ၏လိုအပ်ချက် သီးနှံမျိုးစေ့များ ပိုမိုလွယ်ကူသက်သာစွာ ရရှိနိုင်ရေး မျိုးစေ့အရည် အသွေးအဆင့် မနိမ့်ကျစေရေးနှင့် တောင်သူအချင်းချင်း မျိုးစေ့သန့်ဖလှယ်လုပ်ငန်း ပိုမိုထိရောက်စေနိုင်ရန် အတွက် စပါး၊ မြေပဲ၊နှမ်း၊ပဲတီစိမ်း၊ ကုလားပဲ စသည့် မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်လုပ်ခြင်းအား မျိုးစေ့ထုတ်စိတ်ပါဝင်စားသူ အကျိုးဆောင် တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ထားရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထံ မှ သိရှိရသည်။
Thursday, January 1, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment