Thursday, January 1, 2015

နတ်မောက်       ဇန်နဝါရီ       ၁   
    မကွေးတိုင်းဒေသဒကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် နတ်မောက်မြို့နယ်အတွင်း စိုက်ခင်း မြေဆီလွှာပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအား ဒေသနေသီးနှံစိုက်တောင်သူများ နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရသည်။ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများတွင် ဖြစ်ပေါ်လေ့ရှိသည့် စိုက်ခင်းမြေများ မြေဆီလွှာ ယုတ်လျော့ဖြစ်စဉ်များအား လျော့နည်းသက်သာစေရန် ဆားဆပ်ပြာပေါက်မြေဖြစ်ပေါ်မှုများအား လျော့နည်းစေ ၇န်နှင့် စိုက်ခင်းသုံးထည့်သွင်းဓါတ်မြေသြဇာများ ပိုမိုအကျိုးရှိထိရောက်စေနိုင်၇န် စိုက်ခင်းမြေအမျိုးအစားအလိုက် မြေသြဇာထည့်သွင်းမှု အချိုးကျမှန်ကန်စေ၇န်နှင့် သီးနှံပင်ဖြစ်ထွန်းမှု ပိုမိုအကျိုးရှိစေနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျှက်၇ှိကြောင်း မိမိတိုပဒေသရှိ စိုက်ခင်းမြေများသည် မိုးကောင်းသောက် လယ်မြေအများစု ဖြစ်ပြီး အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများဖြစ်ခြင်းကြောင့် မြေဆီလွှာယုတ်လျော့လာသည့် စိုက်ခင်းမြေများတွင် စိုက်ပျိုးနည်းပညာ အထောက်အကူဖြစ်စေရေးအတွက် နယ်မြေအလိုက် စိုက်ပျိုးမြေဆီလအာပြုပြင်ထိန်းသိမ်းခြင်း နည်းပညာစမ်းသပ်ကွက်များအား အကျိုးဆောင်တောင်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ထားရှိပါကြောင်း စိုက်ပျိုးရေးမြို့နယ် ဦးစီးမှူး ဦးဇော်လင်းထံမှ သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video