Thursday, January 1, 2015

ဂန့်ဂေါ ဒီဇင်ဘာ ၃၁
    (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဟောပြောပွဲကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    အဆိုပါဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်က အမှာစကားပြောကြား ပြီး ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က လွတ်လပ်ရေးနေ့နှင့် ဗိုလ်ရှုသဘင်အခမ်းအနား အကြောင်းကိုလည်းကောင်း၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန ဂန့်ဂေါမြို့နယ် ပညာရေးမှူး ဒေါ်ခင်ညိုမြင့်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အကြောင်းကိုလည်းကောင်း အသီးသီး ဟောပြောကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video