Monday, January 5, 2015



 ဆင်ပေါင်ဝဲ   ဒီဇင်ဘာ ၎
၂၀၁၅-ခုနှစ်၊(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်န၀ါရီလ (၄)ရက် နေ့ နံနက်
(၀၄:၂၀)က ဆင်ပေါင်ဝဲမြို့နယ် ခန်းမရှေ့၌ ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာများ၊ လူမူရေး
အသင်း အဖွဲ့များ ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနက ( ၆၇) နှစ် မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်
လက်ကမ်းစာစောင်များ  ဖြန့်ဝေ ပေးကြသည်။
   ထို့နောက် (၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့ သ၀ဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို
နံနက်(၇:၀၀)နာရီက အဆိုပါခန်းမရှေ့၌ ဆက်လက်ကျင်းပရာ မြို့ နယ်အုပ်ချုပ်ရေးမှူး;
ဦးဗိုလ်အောင် မောင်မောင် က  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် သမ္မတ အဂ္ဂမဟာ သရေစည်သူ
အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားသည်။
    ဆက်လက်၍ လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲ၊
ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးတို့က
ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
   အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ် ချုပ် ရေး မှူးနှင့် ဌာနဆိုင်ရာ များ၊ မြို့နယ် အမျိုး
သမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သင်း သင်း ကြိုင်နှင့် အဖွဲ့ဝင်များ၊ လူမူရေး အသင်း
အဖွဲ့များ၊ ကျောင်းသား/သူ၊ဆရာ/ဆရာ မ များ၊ ပြည်သူများ တက်ရောက်ကြပြီး မြို့နယ်အမှတ်( ၁)
မူလတန်းကျောင်းဝန်း အတွင်း၌ မြို့ပေါ်ကျောင်းသား/သူလေးများ ၀င်ရောက်ယှဉ်မည့်  ခေါင်းအုံး ရိုက်ပြိုင်ပွဲ၊
စကောရွက်ပြိုင်ပွဲ၊သုံးချောင်း ထောက် ပြိုင်ပွဲ၊ တာဝေးပြိုင်ပွဲတို့ကို  လွတ်လပ်ရေးနေ့
အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ယနေ့ နံနက်( ၈)နာရီမှစ၍်
ဆက်လက်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
                                    မျိုးမျိုး( ဆင်ပေါင်ဝဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video