Monday, January 5, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေမှ တပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ်၊ ဇီးလုံးကျေးရွာ အုပ်ချုပ် ရေးမှူးမှ ဇီးလုံးရွာအနောက်တောင်ဘက်(၁)မိုင်ခန့်အကွာရှိ တောအတွင်း၌ လူတစ်ဦး သစ်ပင်ပိ၍ သေဆုံးနေကြောင်း ဖုန်းဖြင့် သတင်းပေးချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 သေဆုံးသူမှာ မြို့သစ်မြို့နယ်၊ ဇီးလုံးကျေးရွာနေ ဖိုးဇော်(၃၇)နှစ်ဖြစ်ပြီး ၄င်းသည် လှည်းဝန်ရိုး ပြုလုပ်ရန် အတွက် သစ်ပင်အားခုတ်လှဲစဉ် သစ်ပင်ပိ၍ ဝဲပါး၊ ဝဲလည်ပင်း၊ ဝဲဘက်ရင်အုံတို့တွင် ပွန်းခြစ်ဒဏ်ရာ များဖြင့် သေဆုံးနေသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ် (၁/၂ဝ၁၅) အရ အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video