၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ည (၁၁း ၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ပေါက်မြို့နယ်၊ ကိုင်လယ်ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လောကဒီပဘုရားပွဲတော် လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် ပွဲတော်ဈေးအတွင်းတွင် အချိုရည်ဗူးများအား ပလက်စတစ် ကွင်းဖြင့်ပေါက်၍ ၊ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်နေသာထွန်းအောင်(၄၁)နှစ်၊ပခုက္ကူမြို့နယ်၊ မြစ်ခြေရွာနေ ကျော်သက်ဦး(၄၁)နှစ် နှင့် ပခုက္ကူမြို့၊ ဘိုကုန်းရပ်နေ မင်းသူ(၂၄)နှစ် တို့(၃)ဦး အား လောင်းကစား ပစ္စည်းများနှင့်အတူ ငွေစက္ကူရောရာ ၂ဝ၅ဝိ/- အား သိမ်းဆည်းရမိသဖြင့် တရားမဝင် လောင်းကစားပြုလုပ်သူ သာထွန်းအောင်၊ ကျော်သက်ဦး၊ မင်းသူတို့(၃)ဦးအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၂ (က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။



0 comments:
Post a Comment