Sunday, January 11, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် ညနေ ၅ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြို့ပင်ကျေးရွာ မြောက်ဘက် (၄)မိုင်ခန့်အကွာ၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၈၉/၄ နှင့် ၁၈၉/၅ အကြားတွင် ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ ပုသိမ်-မုံရွာ ကားလမ်း အတိုင်း သာစည်ကျေးရွာမှ ကြို့ပင်ကျေးရွာသို့ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာနေသူ ယာဉ်မောင်း သိန်းဌေး (၃၆)နှစ် မောင်းနှင်စီးနင်းလာသော ၂၂ယ/­­­xxxxxx ၊ ကန်ဘို ၁၁၀ အစိမ်းရောင် ဆိုင်ကယ်သည် မောင်းနှင်လာစဉ် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၈၉/၄ နှင့် ၁၈၉/၅ အကြား လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ ၀ဲ/ယာ နား သွေးထွက်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား ပေါ့ဆစွာ မောင်းနှင်သူ သိန်းဌေးအား ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video