ကျောက်ထု ဇန်နဝါရီ ၉
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ၂၀၁၄/၂၀၁၅ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၆ ရက်က ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ကျောင်း သူများ၏ စုံညီပွဲတော်သီချင်းဖြင့်ဖွင့်လှစ်သည်။
အခမ်းအနားတွင် ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်အောင်က အမှာစကားပြောကြားပြီး ကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်မေတိုးက စုံညီပွဲတော်ကျင်းပခြင်းနှင့်စပ်လျှဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အဆိုပါကျောင်းမှ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသူများနှင့် ထူးချွန် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ကြကြောင်း သိရသည်။
Saturday, January 10, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment