Sunday, January 11, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အိုင်းကြီးကုန်းအုပ်စု၊ ယင်းမတောကျေးရွာတွင် အမျိုးသမီး(၁)ဦး ကြိုဆွဲချသေဆုံးနေကြောင်း သတင်းအရ ယင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့ပါသည်။
ဖြစ်စဉ်မှာ ယင်းမတောကျေးရွာနေသူ မနှင်းနှင်းငြိမ်း(၁၉)နှစ်သည် ခင်ပွန်းဖြစ်သူ ကျော်ဖုန်းမြင့် (၁၉)နှစ်နှင့်အတူ ယာထွန်ရန်သွားခဲ့ကြောင်း၊ ရွာမြောက်ဘက်(၄)ဖာလုံခန့်အကွာ ဦးစိုးမြင့် ဇီးတောစပ် အရောက်တွင် မနှင်းနှင်းငြိမ်းမှ အပေါ့အလေးသွားရန် နွားလန်ကြိုး (လုံးပတ် ၃ မတ်၊ အရှည် ၁၀ တောင်ခန့်) အား ကိုင်ဆောင်ကာ နွားလှည်းပေါ်မှဆင်းသွားခဲ့ကြောင်း၊ ကျော်ဖုန်းမြင့်မှာ ဇီးတောနှင့် (၁)ဖာလုံခန့်အကွာရှိ ယာခင်းထဲသို့ ယာထွန်ရန်ထွက်သွားခဲ့ကြောင်း၊ ၁၃၃၀ အချိန်ခန့် တွင် ကျော်ဖုန်းမြင့်သည် ယာထွန်ပြီး အိမ်ပြန်ရန် နွားလှည်းဖြင့်ထွက်လာခဲ့ကြောင်း၊ မနှင်းနှင်းငြိမ်း ဆင်းခဲ့သော ဇီးတောအရောက်တွင် မနှင်းနှင်းငြိမ်းအား ဇီးပင်(အမြင့် ၇ပေ၊ ၈ လက်မခန့်)တွင် ဒူးကွေးလျက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရ၍ မိဘများထံပြန်ပြီး ပြောကြားခဲ့ကြောင်း ကျော်ဖုန်းမြင့် မှ ပြောပြသိရှိရသဖြင့် မနှင်းနှင်းငြိမ်း သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၅)ဖြင့် အရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video