၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ အမှတ် (၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)မှတပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် အမှတ် (၃) စုဆောင်းရေးတပ်အနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ နည်းပညာတက္ကသိုလ် (မကွေး) BE (Civil) ကျောင်းသားဖြစ်သူ မကွေးမြို့၊ ရန်အောင်ရပ်၊ (၈) လမ်းနေ ကောင်းဆက်မွန် (၂၅)နှစ်သည် ယာဉ်အမှတ် 9H/xxx ? AXIO အမျိုးအစား အဖြူရောင်မော်တော် ယာဉ်ဖြင့် နတ်မောက်လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာစဉ် အမှတ် (၃) စုဆောင်းရေး တပ်ရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်း၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ သဖြင့် ကောင်းဆက်မွန်တွင် ယာဘက် ဂျိုစောင်းပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်ပေါ်ပါရှိသူ နည်းပညာတက္ကသိုလ် (မကွေး) BTech (Civil) ကျောင်းသား ဖြစ်သူ မကွေးမြို့၊ ကန်သာရပ်ကွက်၊ သစ္စာလမ်းနေသူ ကျော်နိုင်ဝင်း (၂၂) နှစ်တွင် ကျောကုန်း ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းပွန်းဒဏ်ရာ၊ အပေါ်နှုတ်ခမ်းဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရှိရသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကောင်းဆက်မွန် (၂၅)နှစ်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment