၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ ည (၈း ၀၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းကျွန်းကျေးရွာတွင် ဇနီးဖြစ်သူနှင့်စကားများရန်ဖြစ်ရာမှ ယောက္ခမဖြစ်သူ ၏ နေအိမ်အဖီတဲ မီးရှို့သူအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ရေစကြိုမြို့နယ်၊ ဇီးကုန်းကျွန်းကျေးရွာနေ အုန်းခိုင်(၂၉)နှစ်သည် အရက်သေစာ သောက်စား မူးယစ်ပြီး ဇနီးဖြစ်သူ မငြိမ်းစန်းနှင့် စကားများရန်ဖြစ်ရာမှ ယောက္ခမဖြစ်သူ ဒေါ်သောင်း (၅၆) နှစ်၏ (၃x၃)ပင်ပတ်လည်၊ (၂)ထပ်၊ သွပ်မိုး၊ ထရံကာ၊ နေအိမ်၏ အနောက်တွင် အဖီဆွဲ ထားသည့် ထရံကာ၊ ဝါးကြမ်းခင်း၊ သက္ကယ်မိုးအဖီတဲအား ဂတ်စ်မီးခြစ်ဖြင့်မီးရှို့ခဲ့ရာအဖီတစ်ခြမ်းအား မီးလောင်ကျွမ်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၂ဝ၁ဝ အချိန် မီးညွန့်ကျိုးကာ ၂ဝ၁၅ အချိန်မီးငြိမ်းသွားခဲ့ပြီး ကာလ တန်ဖိုး (၁ဝဝဝဝိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

နေအိမ်အဖီတဲမီးရှို့သူ အုန်းခိုင် (၂၉)နှစ်အား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း (ပ) ၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment