Tuesday, January 6, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ နေ့လည် (၁း ၄၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းဘူး-မင်းလှကားလမ်း၊ မိုင်တိုင် အမှတ် (၁၃/၇)၊ ရွာသစ်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မင်းလှဘက်မှ မင်းဘူးဘက်သို့ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ မကျီးချောင်းရပ်နေ သန့်ဇင်ဦး(၄၅)နှစ် မောင်းနှင်လျှက် နောက်မှ ခရီးသည်များလိုက်ပါလာသည့် ၈ဂ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည် မင်းဘူး-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၁၃/၇)၊ ရွာသစ်ကျေးရွာအနီးတွင် လမ်းဖြတ်ကူးသူ မကွေးမြို့နယ်၊ မြေနုကျွန်းကျေးရွာနေ ဒေါ်နွဲ့ (၅၆) နှစ်အား ဝင်ရောက် တိုက်မိ ခဲ့ပြီး ဒေါ်နွဲ့တွင် နဖူး အလယ်တွင် အရှည် (၃) လက်မခန့်ကွဲဒဏ်ရာ၊ ဝဲပါး(၂)လက်မခွဲခန့်ကွဲဒဏ်ရာ၊ ယာဘက်မျက်ခုံး (၂)လက်မခန့်ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်။ 

ယာဉ်မဆင်မခြင်မောင်းနှင်သူ သန့်ဇင်ဦး(၄၅)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂/၂ဝ၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video