၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ခေါင်းပေါင်းကျေးရွာတွင် မိန်းကလေးငယ်တစ်ဦးအား အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်မှုဖြစ်ပွားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ခေါင်းပေါင်းကျေးရွာနေ ဦးxxx(၂၆)နှစ်၏သမီး သူငယ်တန်းကျောင်းသူ မxxx (၆)နှစ်အား နေ့လည်ကျောင်းဆင်းချိန်တွင် တစ်ရွာတည်းနေ ဇော်မင်းဝင်း (၁၇)နှစ်မှ ၄င်းဖခင် ဦးမောင်မြင့်ပိုင်သည့် ယာခင်းထဲရှိဇီးသီးစားချင်ရင်လိုက်ခဲ့ဟုပြောကာ ရွာ၏အနောက်မြောက်ဘက် (၁)ဖာလုံခန့်အကွာရှိယာခင်းထဲသို့ နွားကျောင်းရန်ထွက်သွားခဲ့ကြောင်း၊ ခဏအကြာ မ xxxx ရောက် လာသောအခါ မျက်နှာချင်းဆိုင်ပွေ့ချီကာ သားမယားအဖြစ်ပြုကျင့်ခံရကြောင်း ကို နေအိမ်သို့ ရောက်သော အခါ မိခင်ဖြစ်သူအား သမီးဖြစ်သူမှ ပြန်လည်ပြောပြသိရှိရသဖြင့် မxxxအား သားမယား အဖြစ်ပြုကျင့်သူ ဇော်မင်းဝင်းအား အရေးယူပေးပါရန် ၅.၁.၂ဝ၁၅ ရက်နေ့တွင် ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment