၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထလင်းရွာ၊ ရှစ်မျက်နှာဘုရား အာရုံခံအတွင်း၌ ဘုရားဂေါပကဥက္ကှဌ ဦးထွားမောင် (၅၆)နှစ်သည် အဖွဲ့ဝင် ဦးလှညိုနှင့် ဦးတင်မြင့်တို့နှင့်အတူရှိနေစဉ် ဘုရားဘက်ဆီမှ ရိုက်ခွဲသံကြား၍ သွားရောက်ကြည့်ရှုခဲ့သည်။
တစ်ရွာတည်းနေ အေးလွင်(၄၂)နှစ်သည် အများပြည်သူတည်ထားကိုးကွယ်သည့် ရှစ်မျက်နှာဘုရား လှိုဏ်ဂူအတွင်း အလျား(၃)ပေ၊ အနံ(၂)ပေခန့်ရှိ သစ်သားဘောင်ကွပ် ကာရံထားသည့် သံဇကာ (၈)ချပ်၊ တန်ဘိုး(၄ဝဝဝဝိ/-) အား ဆွဲခွာဖျက်ဆီးပြီး လှိုဏ်ဂူအတွင်းရှိ ဥာဏ်တော်အမြင့်(၁)ပေ၊ (၆)လက်မခန့်ရှိ စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်(၈)ဆူ၊ တန်ဘိုး(၁၂)သိန်း ကျပ်ခန့်နှင့် ဘိလပ်မြေသံကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အမြင့်(၂)ပေ၊ (၆)လက်မခန့်ရှိ နတ်သမီးရုပ်ထု(၁)ခု၊ တန်ဘိုး (၁၅ဝဝဝဝိ/-) တို့အား လက်ဖြင့်ကိုင်ဆောင့်ပြီး ကျိုးပဲ့ကြေမွ ပျက်စီး အောင်ပြုလုပ်ခဲ့သဖြင့် အေးလွင်(၄၂)နှစ်အား အရေးယူပေးရန် ၁.၁.၂ဝ၁၅ ရက်နေ့တွင် ဦးထွားမောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ထီးလင်းမြို့နယ်၊ မြို့မရဲစခန်း(ပ)၅/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၉၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment