၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမဝင်ဆင်ဆာမဲ့ဗွီစီဒီခွေများ ရောင်းချနေ ကြောင်း သတင်းအရ သက်သေများနှင့်အတူ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ သီရိမင်္ဂလာရပ်နေ မျိုးဇော်ဟိန်း (၂၈)နှစ်၏ ဈေးဆိုင်အား ဝင်ရောက်ရှာဖွေရာ ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်လမ်းခွေ (၆၉ဝ)၊ ကာတွန်း ဇာတ်လမ်းခွေ(၁၆ဝ)၊ ဆင်ဆာမဲ့တရားခွေ(၁၄ဝ)၊ ဆင်ဆာမဲ့မြန်မာသီချင်းခွေ(၅၃ဝ)၊ စုစုပေါင်း(၁၅၂ဝ)ခွေ၊ တန်ဘိုး(၄၅၆ဝဝဝိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင် ဆင်ဆာမဲ့ဗွီစီဒီခွေများရောင်းချသူ မျိုးဇော်ဟိန်း (၂၈)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂/၂ဝ၁၅၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ) အရ အရေးယူမှုဖြစ်ပါသည်။
အလားတူ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမဝင်ဆင်ဆာမဲ့ဗွီစီဒီခွေများ ရောင်းချနေ ကြောင်း သတင်းအရ သက်သေများနှင့်အတူ မင်းဘူးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ပုဂံမျှော်ရပ်နေ မခင်မာဝင်း (၂၅)နှစ်၏ ဈေးဆိုင်အား ဝင်ရောက်ရှာဖွေရာ ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းခွေ(၃၅ဝ)၊ ကာတွန်း ဇာတ်လမ်းခွေ(၇ဝ)၊ ဆင်ဆာမဲ့တရားခွေ(၁၁၅)၊ ဆင်ဆာမဲ့မြန်မာသီချင်းခွေ(၂၂ဝ)၊ စုစု ပေါင်း(၇၅၅)ခွေ၊ တန်ဘိုး(၂၂၆၅ဝဝိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင် ဆင်ဆာမဲ့ ဗွီစီဒီခွေများရောင်းချသူ မခင်မာဝင်း (၂၅)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃/၂ဝ၁၅၊ ဗွီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment