Wednesday, January 7, 2015

သရက် ဇန်န၀ါရီ ၅ ရက်
    (၆၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို မကေီးတိုင်းဒေသ ကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်။ရွှေဘုံသာရပ်ကွက်၊ သိမ်ကြီးလမ်း ၊လမ်းမုဒ်ဦးရှေ့၌ ယမန်နေ့ နံနက် (၀၉း၃၀၀) အချိန်က ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊ သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်၊ခရိုင်နှင့်မြို့နယ်ဆင့် ဌာနဆိုင်ရာ များ၊ အထောက်အကူပြုကော်မတီများနှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်။
    ရှေးဦးစွာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်မှ လမ်းဖွင်းပွဲနှင့်ပတ်သက် သည့် အကြာင်းအရာများအား ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖတစ်ဖြစ်သူ ဦးဆန်းအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
    ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊ သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်တို့မှ အဆိုပါလမ်းမုဒ်ဦးရှေ့၌ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ကာ လမ်းအား လမ်းလျှောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
    အဆိုပါလမ်းသည် အလျား (၆၀၅)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)မလက်ရှိပြီး စည်ပင်သာယာရေးရန်ပုံ ငွေဖြင့ှ် ကျပ်သိန်း (၈၈၄၀၀၀၀)ကုန်ကျခံခင်းကျင်းခဲ့ရာ ၂၈ .၁၂ .၂၀၁၄ ရက်နေ့တွင် ပြီးစီးကြောင်းသတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video