Wednesday, January 7, 2015

ဂန့်ဂေါ ဇန်နဝါရီ ၅
    (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “ကံ့ကော်” စာအုပ်ပြပွဲကို ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဇန်နဝါရီ ၄ ရက်က ဖွင့်လှစ်ပြသသည်။
    အဆိုပါပြပွဲတွင် ပညာရပ်ဆိုင်ရာ ၁၀ မျိုးမှစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ဂျာနယ်များ၊ နေ့စဉ်ထုတ် သတင်းစာများ၊ နိုင်ငံတော်ပြန်တမ်းများတို့နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ လှူဒါန်းထား ရှိသည့် လွှတ်တော်မှတ်တမ်းစာအုပ်များတို့ကို ဝေဝေဆာဆာခင်းကျင်းပြသထားသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓာတ်ပုံမျာကိုပါ ခင်းကျင်းပြသထားသည်။
    စာအုပ်ပြပွဲကို ဂန့်ဂေါခရိုင် ပြည်သူ့စာကြည့်တိုက်ရှိစာအုပ်များအား ပြည်သူများလွယ်လင့်တကူ  လေ့ လာကြည့်ရှုနိုင်ရန်ပြပွဲအဖြစ် ဖွင့်လှစ်ပြသခြင်းဖြစ်ပြီး အဆိုပါနေ့တွင် ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မိုးမိုးလှိုင်နှင့်အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များအပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စာပေဝါသနာရှင်များ ၅၀၀ ကျော်တို့ လာ ရောက်လေ့လာကြည့်ရှူကြကြောင်းနှင့် ပြခန်းအား ဇန်နဝါရီ ၁၀ ရက်ထိ ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video