(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် (၀၇း၀၀)နာရီက သရက်-မင်းတုန်းလမ်း ၁၅/၀ နှင့် ၇/၀ မှ စတင်တာလွှတ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အဆိုပါမာရသွန်ပြိုင်တွင် အလွတ်တန်းတာဝေးအားကစားသမား(၆၀) ဦးအား သရက်မင်းတုန်းလမ်း ၁၅/၀ ၊၁၅ နှစ်အောက် အငယ်တန်း Mini တာဝေးအားကစားသမား (၁၅၀)ဦးအားသရက်-မင်းတုန်းလမ်း ၇/၀မိုင်တိုင်များ နံနက် (၀၇း၀၀)တွင် တပြိုင်တည်းတာလွှတ်ယှဉ်ပြိုင်ကြရာ အလွတ်တန်းတာဝေးပြိုင်ပွဲတွင် တောင်မင်းတည်းရပ်ကွက်၊ ကျောနံပါတ် (၀၆၈) မောင်ပေါက်စကလေး ၊အငယ်တန်း Mini တာဝေး၌ လေးတိုင်စင်ရပ်ကွက် ကျောနံပါတ် (၁၈၈) မောင်နေဇင်ထွန်းတို့မှ ပထမပန်းဝင်ကာခဲ့ကြောင်းသိရသည်။
ထိုနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်မှ အားကစားသမားများအား အားပေးချီးကျူးစကား ပြန်လည်ပြောကြား၍ ဆုရရှိသူများကို တာဝန်ရှိသူများနှင့် စေတနာရှင်အသီးသီးမှ ဆုများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Wednesday, January 7, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment