၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နုယ်၊ ပေါက်ကိုင်း (အနောက်) ကျေးရွာရှိ ကိုသန်းအောင် အရက်ဆိုင်တွင် ၎င်းရွာနေ ခင်မောင်သန်း(၄၃)နှစ်နှင့် တစ်ရွာတည်းနေ အောင်နိုင်ဝင်း(၃၂)နှစ်တို့ အရက်အတူသောက်စားပြီး စကားများရန်ဖြစ်ရာ ခင်မောင်သန်းမှ အောင်နိုင်ဝင်းအား ဆိုင်အတွင်းတွေ့ရှိသော အရှည် (၂) ပေ၊ ဗျက် (၈)လက်မ ၊ ထု (၂)လက်မခန့်ရှိ ကျွန်းသစ်ပျဉ်ပြားဖြင့်ရိုက်နှက်ရာ အောင်နိုင်ဝင်းတွင် ယာနားထင် ဂျိုစောင်း (၄)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ၀ဲဂျိုစောင်း (၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ယာ နားပြတ်ရှဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့သည်။
အောင်နိုင်ဝင်းအား သတ်သွားသူ ခင်မောင်သန်းအား အရေးယူပေးပါရန် ၁၀.၁၂.၂၀၁၄ ရက်နေ့ တွင် အစ်ကိုဖြစ်သူ အောင်နိုင်ထွန်း (၃၆)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၀/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment