၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည (၁၀း ၁၀) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ရေနံမ ကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရေနံမ(မြောက်)ရွာ ဘုန်းကြီးကျောင်းအနီး လမ်းဘေး တွင် မင်းလှမြို့နယ်၊ ကျောက်ထောင်ရွာနေ နန်းလင်း(ခ)ဖိုးနဲ၊ ၁၈ နှစ်သည် ယာဉ်အမှတ်၊ ၄၁ယ/xxx ဒါရမ်း ၁၂၅ အဖြူရောင် ဆိုင်ကယ် (၁)စီးအား သော့မပါဘဲ ဆော့ကဒ်ဖြုတ်၍ စက်နိုးနေ သည်ကို တွေ့ရှိရသဖြင့် မသင်္ကာ၍စစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှခိုးယူလာသည်ဟု မသင်္ကာသဖြင့် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ) ၈၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment