၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူးကျေးရွာနေသူ မစန်းဝင်းခိုင်၊ ၃၄နှစ်၊ ဈေးရောင်း၊ (ဖ) ဦးသာအောင် သည် ၄င်းနေအိမ်ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိ အမျိုးသားတစ်ဦး ဈေးဝယ်လာ ၍ ဈေးရောင်း ပြီး နေအိမ်နောက်ဖေးထမင်းစားခန်းသို့သွားရာ ထမင်းစားပြီး ဖုန်းဆက်ရန်အတွက် ဈေးဆိုင် ကွမ်းယာခုံပေါ်တင်ထားခဲ့သည့် ဖုန်းအမှတ် ၀၉၂၅၆၀၉၃၀၇၁ ဆင်းကဒ်ပါ ကိုးပက်စ် အမျိုးအစား၊ ကာလတန်ဘိုး-၄၅၀၀၀ိ/-ခန့်ရှိ အနက်ရောင်ဟန်းဆက် ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဆိုင်နီး ချင်းဖြစ်သူ ဦးဝင်းအေး၊ အစ်ကိုဖြစ်သူ ဦးစိုးသန်းတို့နှင့်အတူ လိုက်လံရှာဖွေ ခဲ့ကြောင်း၊ လဲလူးကျေးရွာ တောင်ဘက်(၁)ဖာလုံခန့်အကွာ လယ်ကွင်းထဲ၌ မစန်းဝင်းခိုင်၏ ဈေးဆိုင်တွင် ဈေးဝယ် သွားသော ဆိပ်ဖြူမြို့နယ်၊ ခါးတက်ကုန်းကျေးရွာနေသူ စိုးစိုးမင်း၊ ၂၇နှစ်၊ (ဖ)ဦးပန်းကြိုင်အားတွေ့ရှိသဖြင့် ၄င်း၏ခရီးဆောင်အိတ် အတွင်းမှ ပျောက်ဆုံးသွား သော ဟန်းဆက်အား တွေ့ရှိရကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဟန်းဆက်ခိုးယူသွားသူ စိုးစိုးမင်းအား အရေးယူပေးရန် မစန်းဝင်းခိုင်မှ တရားလို ပြုလုပ် တိုင်တန်း သဖြင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment