Saturday, December 13, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အောင်စေတနာရပ်ကွက်၊ တောင်တွင်းလမ်းနှင့် အဝေရာလမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်းသတင်းအရ အမှတ် (၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မကွေး နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အားစစ်ဆေးရာ အောင်မေတ္တာ (ဃ) ရပ်ကွက်နေ ဘိုးရတနာရေသန့်စက်ရုံမှ ယာဉ်မောင်း ပြည့်စုံလင်း(၂၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် ၁ခ/xxxx ကန်တာ အမျိုးအစား၊ ရေသန့် ဗူးတင်ဆောင်လာသည့် အပြာရောင်ယာဉ်သည် တောင်တွင်းလမ်းအတိုင်း တက္ကသိုလ်ဘက်မှ ကြာပန်းအ၀ိုင်းဘက်သို့ မောင်းနှင်လာစဉ် အဝေရာလမ်းအတိုင်း အထက(၄) ဘက်မှ ဟိုက်ကလပ် လက်ဘက်ရည်ဆိုင်ဘက်သို့ မကွေးမြို့နယ်၊ ကန်သာကြီးရွာနေ ထွန်းထွန်းဝင်း(၃၆)နှစ် မောင်းနှင် လာသည့် ယာဉ်အမှတ် ၅ဟ/xxxx ဇင်လီဖန်း အမျိုးအစား အနီရောင်သုံးဘီးဆိုင်ကယ်မှ ချိုးကွေ့စဉ် ရေသန့်ဗူးတင်အပြာရောင်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့၍ သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ မကွေးမြို့နယ်၊ ကန်သာကြီးကျေးရွာနေ ဦးကြည်လေး(၅၈)နှစ်ပါ ခရီးသည် ကျား ၃ ဦး၊ မ ၆ ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။ လမ်းမကြီးမှလာသောယာဉ်အား ဦးစားမပေးဘဲ လမ်းသွယ်မှထွက်၍ ဖြတ်သန်းမောင်းနှင်သူ ထွန်းထွန်းဝင်း (၃၆)နှစ်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းယာဉ်(ပ)၄၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video