၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် (၁၂း ၅၅) အချိန် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့၊ ရန်ပယ်ရပ်၊ မဲထီးလမ်းနှင့် မြို့ပတ် လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ မဲထီးလမ်းပေါ်တွင် လမ်းပြုပြင်နေသော မကွေးမြို့နယ်၊ စည်ပင်သာယာ ရေး ဌာနပိုင် မကွေးမြို့၊ ကင်းကျောက်ကုန်းရပ်ကွက်နေ လမ်းကြိတ်စက်အငှားမောင်း ပိုက်ထွေး (၃၉)နှစ် မောင်းနှင်သည့် လမ်းကြိတ်စက်မှာ လမ်းကြိတ်နေစဉ် အင်ဂျင်ဝါယာရှော့ဖြစ်ပြီး ၁၂၃၀ အချိန် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရပ်ကွက်နေပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေး ၃ ဗူးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၂၃၅ အချိန်မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန်ထိခိုက် ဆုံးရှုံးမှုမရှိဘဲ လမ်းကြိတ်စက်အတွင်းပိုင်းရှိ ၀ါယာကြိုးများမီးလောင်ခဲ့၍ တန်ဘိုး ၅၀၀၀ိ/-ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

လမ်းကြိတ်စက်အား သေချာစွာမစစ်ဆေးဘဲအသုံးပြုခဲ့သူ ပိုက်ထွေး (၃၉)နှစ်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၁၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment