၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ဖိုးပေါက်ကန်ကျေးရွာအနီး ကားလမ်းမိုင်တိုင်အမှတ်၊ ၂၉၃/၇ နှင့် ၂၉၄ အကြားတွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်းသတင်းအရ သစ်ရာကောက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ တောင်တွင်းကြီးမြို့ဘက်မှ မကွေးမြို့ဘက်သို့ မကွေးမြို့နယ်၊ စည်သာ ကျေးရွာနေ ပြုံးမောင်မောင်(၂၃)နှစ်သည် ယာဉ်အမှတ် ၅ဟ/xxxx လီဖန်းအမျိုးအစား၊ လိမ္မော်ရောင်သုံးဘီးဆိုင်ကယ် အား မောင်းနှင်လာစဉ် ၎င်းနောက်မှ မကွေးမြို့နယ်၊ လျှော်တော ကျေးရွာနေ ဇော်မင်းဦး (၃၀)နှစ်မောင်းနှင်လာသည့် ယာဉ်အမှတ် ၉ဆ/xxxx၊ ဖောလ်ကားအပြာ ရောင်ယာဉ်သည် သုံးဘီး ဆိုင်ကယ်၏ ၀ဲဘက်မှ ကျော်တက်မောင်းနှင်စဉ် ဖောလ်ကား၏ ယာဘက် ခြမ်းနောက်ပိုင်းနှင့် သုံးဘီး ဆိုင်ကယ် ၀ဲဘက်ခြမ်းကိုယ်ထည်အား ပွတ်တိုက်မိပြီး သုံးဘီးဆိုင်ကယ်မှာ လမ်းယာဘက်ခြမ်းသို့ တိမ်းစောင်းအနေအထားဖြင့် မှောက်သွားရာ သုံးဘီး ဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသူ စည်သာရွာနေ ဦးသိန်းထွန်း(၄၂)နှစ်တွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဇော်မင်းဦး (၃၀)နှစ်အား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေ ရဲစခန်းယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment