Saturday, December 13, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ( ၉း ၂၀) အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြောက်ရှားတောအုပ်စု၊ ချောင်းနားရပ်တွင် ဆေးလိပ်သောက်ရာမှ ဆေးလိပ် မီးပွား ကျပြီး (၄x၃)ပင်၊ သွပ်မိုးထရံကာ၊ ၀ါးကြမ်းခင်းနေအိမ်တစ်လုံးနှင့် (၃x၃) ပင် သက္ကယ်မိုး၊ ထရံကာ နွားတင်းကုတ် တစ်လုံးတို့ မီးလောင်ခဲ့ပြီး တန်ဘိုး ၆၀၀၀၀ိ/-ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖြစ်စဉ်မှာ စလင်းမြို့နယ်၊ မြောက်ရှားတောအုပ်စု၊ ချောင်းနားရပ်နေ ဒေါ်ဝင်းကြည်(၇၆)နှစ်သည် ၎င်းနေ ထိုင်သောအိမ်မှ နွားတင်းကုတ်ရှိ နွားစာစင်အတွင်း ဆေးလိပ်သောက်ရာမှ ဆေးလိပ် မီးပွား ကျပြီး ၀၉၂၀ အချိန် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မျိုးမြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၃ စီးနှင့် ရွာသူ/သားများမှ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့၍ ၀၉၂၇ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်ဝင်းကြည်၏ (၄x၃)ပင်၊ သွပ်မိုး ထရံကာ၊ ၀ါးကြမ်းခင်းနေအိမ် တစ်လုံး၊ နေအိမ်နောက်ကပ်လျှက်ရှိ (၃x၃) ပင် သက္ကယ်မိုး၊ ထရံကာ နွားတင်းကုတ်တစ်လုံးတို့ မီးလောင်ခဲ့ပြီး စုစုပေါင်းတန်ဘိုး ၆၀၀၀၀ိ/-ခန့်ဆုံးရှုံးခဲ့သည်။ မီးလောင် မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း မီးဘေးသင့်ပြည်သူ ကျား၁ ဦး၊ မ ၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

မီးအားပေါ့ဆစွာသုံးစွဲ၍ နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားစေသူ ဒေါ်ဝင်းကြည် (၇၆)နှစ်အား စလင်း မြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း (ပ) ၃၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 
 
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video