မကွေး အောက်တိုဘာ ၃၀
မကွေးခရိုင်၊မကွေးမြို့နယ်၊ သဖန်းဆိပ်မြစ်ရေတင်ဒေသ ပုတီးကုန်း၊ထုံးပေါက်တောကျေးရွာ များရှိ မိုးစပါးစိုက်ကွင်းများသို့ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ထွေး ယဉ် နှင့် ကွင်းဝန်ထမ်း(၂)ဦးတို့သည် မိုးစပါးဖြစ်ထွန်းမှုအခြေအနေ၊ပိုးမွှားရောဂါကျရောက်မှုအခြေအနေ တို့အား သိရှိနိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာ ဧရာပဒေသာ၊ပုလဲသွယ်၊ဗီယက်နမ် စပါးမျိုးတွေစိုက်တာ အောင်မြင် လျှက်ရှိပါတယ်၊ တောင်သူတွေအနေနဲ့လည်း အထွက်နှုန်းကောင်းတဲ့ ဒီမျိုးတွေကို အကြိုက်များကြပါတယ်၊ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး အသိပညာနဲ့နည်းလမ်းကောင်းတွေမျှဝေပေးလို့ လုပ်သလောက် အကျိုးဖြစ်ထွန်းမယ်လို့ ထင်ပါတယ် ” ဟု ထုံးပေါက်တောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်သူ ဦးသိန်းဝင်း မှ ပြောသည်။
ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ရာတွင် စပါးခင်းများ၌ကျရောက်တတ်သော ပိုးမွှားရောဂါများ ကို တောင်သူများအားလက်တွေ့ရှင်းလင်းပြသ၍ ကာကွယ်နှိမ်နင်းနည်းများကို ပညာပေးဆွေးနွေးခြင်း ၊ မိတ်ဆွေပိုးများဖြစ်သော ပုဇင်း၊ ပုဇင်းကညာ ၊ လိပ်ခုံး ၊ကျိုင်း ၊ ပင့်ကူများနှင့် ၄င်းတို့က ဖျက်ပိုးများအား စားသောက်ပုံ၊တောင်သူများအား အကျိုးပြုပုံ ၊ စပါးသက်တမ်းအလိုက်ဓါတ်မြေသြဇာလိုအပ်ပုံ နှင့် ထည့်သွင်းရမည့်အချိန်၊ ထည့်သွင်းနည်းတို့အား ရှင်းလင်းဆွေးနွေးခြင်း လုပ်ငန်းများအား ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ နှင့် လက်ထောက်ဦးစီးဦးမျိုးသိန်ထွန်း ၊မျိုးစေ့တာဝန်ခံ ဒေါ်အိဖြူကြည်တို့မှ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇေယျတု(မကွေး)
Saturday, November 1, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment