ကျောက်ထု အောက်တိုဘာ ၃၁
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသသို့ လျှပ်စစ်မီးသွယ်တန်းရောက်ရှိနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ၆၆ ကေဗွီအေ ဓာတ်အား(ခွဲ) ရုံ ဆောက်လုပ်နိုင်ရေး၊ လျှပ်စစ်မီးတိုင်များ စိုက်ထူနိုင်ရေးတို့ကို ဆောင်ရွက်လျှက်ရှိ ရာ အဆိုပါလုပ်ငန်းများဆောင်ရွက်ရန် အောက်တိုဘာ ၂၉ ရက်က လျှပ်စစ်မီးတိုင်များ ၁၀၀ ကျော် ရောက်ရှိ နေပြီဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ထုမြို့မှတစ်ဆင့် မကွေးတိုင်းဒေသကြီး ဆောမြို့နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ တို့သို့ ဆက်လက်သွယ်တန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Saturday, November 1, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment