Saturday, November 1, 2014

ကျောက်ထု အောက်တိုဘာ ၃၁
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ပေါက်ခေါင်းကျေးရွာ စာကြည့်တိုက်တွင် အောက်တိုဘာ ၂၈ ရက်က စာအုပ်လှူဒါန်းပွဲကျင်းပသည်။
    အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ချိုချိုဝင်းက လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်ခိုင်ဇာဝင်းက စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေး ဇူးများ တို့ကို ရှင်းလင်းဟောပြောကြကာ ကျေးရွာစာကြည့်တိုက်မှူး ဒေါ်ခင်မျိုးဆွေထံ စာအုပ်မျိုးစုံ ၅၀ အုပ်ကို ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video