Saturday, November 1, 2014

 သရက် အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး သရက်မြို့ တောင်မင်းတည်း ရပ်ကွက် ၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီက ရပ်ကွက်အတွင်းရှိ ဓမ္မာရုံ အတွင်း ကျင်းပရာ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ကုန်းလမ်း ပို့ဆောင်မှု့ ညွှန်ကြားမှု့ ဦးစီးဌာန စစ်ဆေးရေးမှူး(၃)  ဦးဌေးဝင်းက ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေး အကြောင်း အကျယ်တ၀င့်    ရှင်းလင်းဆွေးနွေးပေးပြီး သရက်မြို့မ ရဲစခန်းမှ ရဲအုပ် ကျော်ဟိန်းက ယာဉ်စီးနင်းသူများ လိုက်နာရမည့် အချက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ထို့နောက် မြို့နယ် ဥပဒေ အရာရှိ ဒေါ်နွယ်နီဝင်းသူက နည်းဥပဒေနှင့် ပြစ်မှု့ ပြစ်ဒဏ်များကိုလည်း ကောင်းအသိပညာပေး ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက မရှင်းလင်းသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
                                                                                                          ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video