Saturday, November 1, 2014

ဆင်ပေါင်ဝဲ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့ အမှတ်(၂) အခြေခံ ပညာမူလတန်းကျောင်း၌
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားကိုယမန်နေ့နေ့ လည်(၂)နာရီက အမှတ်(၂)
အခြေခံ ပညာ မူလတန်းကျောင်းအတွင်း၌ ကျင်းပပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းစာအပြင် စာပေဗဟုသုတတိုးပွါး
ရရှိရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှု့ကြရန် ပြောကြားပေးပြီး ဆင် ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်
ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ခြင်းဖြင့်အကျိုး ကျေးဇူးများ ရရှိကြောင်းနှင့်
မူယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာများ ဟောပြောဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက သုတ/ရသ
စာအုပ် စာစောင်များ အား ခင်းကျင်းဖွင့်လှစ် ဆောင်ရွက်ပေးရာ ကျောင်းသား/ကျောင်းသူ
 ကလေးများမှ ဖတ်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
                                                                                                                  မျိုးမျိုး(ဆင်ပေါင်ဝဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video