သရက် အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍
န၀မ အကြိမ်မြောက် စုပေါင်း ဘုံကထိန်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ(၅) ရက်တွင် ထုံးတောင်ကျေးရွာ
အုပ်စု သဲတောကျေးရွာ ဘာဝနာ ကျောင်းတိုက်(သရက်မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်ကျောင်း)တွင် ၀ိနည်း တော်နှင့်အညီ ကထိန်သင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများ ဆပ်ကပ်ပြီး ပင့်သံဃာတော်များကိုလည်း လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး တန်ဆောင်မုန်းလပြည့်နေအထိ ကထိန်အလှူရှင် မရှိသေးသည့် ကျောင်းတိုက်များအား မိုးကျ ကထိန်အဖြစ် လှူဒါန်းပေးသွားမည်ဟု ဘုံကထိန်ကျင်းပရေး ကော်မတီ တစ်ဦးထံက သိရသည်။
အဆိုပါ စုပေါင်း ဘုံကထိန်ကျင်းပခြင်းဖြင့် အေးချမ်းသာယာပြီး သာသနာတော်ကြီး ထွန်းကားပြန့်ပွါးစေရန် ရည်ရွယ်၍ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊၀န်ထမ်းများ၊အလှူရှင်များ၊လူမှု့ရေး အသင်းအဖွဲ့ဝင်များ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကထိန်သင်္ကန်းနှင့်လှူဘွယ် ၀တ္ထုများ ဆပ်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိ ရသည်။ ဇော်ထက်(သရက်)
Saturday, November 1, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment