Thursday, November 20, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရှောက်တောကျေးရွာ၌ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ပွင့်ဖြူ-စလင်းသွားကားလမ်း မိုင်တိုင်အမှတ် ၂၅/၃ အနီး ကားလမ်းပေါ်၌ ပွင့်ဖြူမှ စလင်းဘက်သို့ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာနေ ဇင်မျိုးဝင်း(၂၆) နှစ် မောင်းနှင်သည့် ၁၀ယ/xxx လော့ဂျာ ၁၁၀ အနက်ရောင်ဆိုင်ကယ်နောက်မှ ဇနီးဖြစ်သူ ခင်မိုးမိုး ထိုင်ပြီး မင်းဟိန်းခန့် (၁)နှစ် (၅)လသားအား အလယ်မှတင်လျှက် လမ်းမကြီးအတိုင်း စီးနင်းလာစဉ် ရှောက်တောရွာအ၀င် လမ်းသွယ်မှ လမ်းမကြီးပေါ် သို့ ရှောက်တောရွာနေ ဟိန်မင်းစိုး(၁၇)နှစ် မောင်းနှင်လာသည့် ၄၂ယ/xx ဒါရမ်း-၁၂၅ အဖြူရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ ဇင်မျိုးဝင်း၏ ဆိုင်ကယ်အား ၀င်ရောက် တိုက်မိသဖြင့် ဇင်မျိုးဝင်း နှင့် ဟိန်းမင်းစိုး တို့ နှစ်ဦးတွင် နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ ဟိန်းမင်းစိုးအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၃၂/၂၀၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video