Thursday, November 20, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကွက်သစ်ရပ်နေ မယုယု (၃၈)နှစ် သည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်း ဖြစ်သူ မရှိခိုက် အမည်မသိ အမျိုးသားလူငယ်(၃)ဦး နေအိမ်သို့ရောက်ရှိလာပြီး မယုယုနေအိမ်တွင် အလုပ် လုပ်နေသော ခင်မောင်လင်းအားမေးမြန်းသဖြင့် ခင်မောင်လင်းမှာ ၎င်း၏နေအိမ်တွင် ရှိကြောင်းပြောဆိုရာ ခင်မောင်လင်းအား ခေါ်ခိုင်းသဖြင့် သွားရောက်ခေါ်ယူပြီး ခင်မောင်လင်းနှင့် အတူ နေအိမ်သို့ပြန်လာစဉ် ၎င်းတို့ (၃)ဦးမှာ မရှိတော့ကြောင်းနှင့် နေအိမ်အိပ်ခန်းအတွင်းရှိ ဘီဒို ပေါ်တွင် တင်ထားခဲ့သော မယုယုပိုင်HUAWEI G-6 C00အမျိုးအစား ဆင်းကဒ်(၂)ကဒ်ပါ ဟန်း ဆက်(၁)လုံး၊ တန်ဘိုး ၂၀၀၀၀၀ိ/- ခန့်မှာ မရှိတော့သဖြင့် ခင်မောင်လင်းအား အမည်မသိ(၃)ဦး ၏ ပုံသဏ္ဍာန်အားပြောပြရာ အမှတ် (၁၅) ရပ်ကွက်နေ ညိုပု(၂၄) နှစ်၊ တစ်ရပ်ကွက်တည်းနေ ပုချို (၂၅)နှစ် နှင့် မြစ်ကိုင်း ရပ်နေ ကျော်ဝင်းသူ (၂၇) နှစ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နေအိမ်တွင်း ဟန်းဆက်ခိုးယူသွားသူ ညိုပုပါ (၃)ဦးအား အရေးယူပေးရန် မယုယုမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ပခုက္ကူမြို့နယ်၊ မြို့မ ရဲစခန်း(ပ)၃၈၀/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video