Thursday, November 20, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ပခုက္ကူ-ကျောက်ထုကားလမ်း မိုင်တိုင်အမှတ် ၆၄/၁ နှင့် ၆၄/၂ အကြား ခရီးသည်တင် မှန်လုံယာဉ် တစ်စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်၍ ခရီးသည်များ ဒဏ်ရာရရှိကြောင်း သတင်းအရ ကျောက်ထု နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်အား စစ်ဆေးရာ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်နေ မြတ်သူအောင်(၂၉) နှစ် မောင်းနှင် သည့် ခရီးသည်တင် ယောထိပ်တန်းမှန်လုံယာဉ်အမှတ် ၄ခ/xxx၊ ဟီးနိုး(၆)ဘီး အပြာအနီအ၀ါကြား မော်တော်ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ယာဘက်သို့ တိမ်းစောင်း လဲကျကာ ယာဉ်ပေါ်ပါ ခရီးသည်(၂၀)ဦးအနက် ကားစပါယ်ယာ ဇော်ထွန်း(၂၀)နှစ် အပါအ၀င် ခရီးသည် ကျား ၅ ဦး၊ မ ၄ ဦး၊ ပေါင်း ၉ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းသိရှိရသည်။ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ မြတ်သူအောင်(၂၉)နှစ်အား ဆောမြို့နယ်၊ ကျောက်ထုနယ်မြေ ရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video