ဖြစ်စဉ်အား စစ်ဆေးရာ သရက်-မင်းလှကားလမ်း မိုင်တိုင်အမှတ် ၂/၂၁ အနီးတွင် သရက်မှမင်းလှသို့ ဆင်ပေါင်ဝဲမြို့နယ်၊ ရှာတိုင်းကြီးရွာနေ တေဇာဟိန်း(၂၀) နှစ် တစ်ဦးတည်း စီးနင်းမောင်းနှင်လာသည့် ကန်ဘို-၁၂၅ အနက်ရောင်ဆိုင်ကယ်သည် မင်းလှမှသရက်သို့ ယာဉ်မောင်း မိုးမင်းအောင် မောင်းနှင် လာသည့်ယာဉ်အမှတ် ၃ခ/xxxx ခရီးသည်တင်မှန်လုံယာဉ်အား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လဲကျသွားကာ တေဇာဟိန်းတွင် ယာဒူးခေါင်းအောက် အလျား (၃)လက်မခန့် အရေပြား လန်သည့် ဒဏ်ရာရရှိခဲ့သည်။ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ တေဇာဟိန်းအား သရက်မြို့နယ်၊ ဘော်နယ်မြေ ရဲစခန်း ယာဉ်(ပ)၃/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အရေးယူ ထားကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment