ပခုက္ကူမြို့၊ မြို့မဈေးအနီးရှိ သန့်စင်ခန်းအနီးတွင် အမှတ် (၃) ရပ်ကွက်နေ ဒေါ်စိန်လဲ့(၄၉)နှစ်သည် ဆင်ဆာမဲ့နိုင်ငံခြားခွေ(၃၂၃)ခွေ၊ စုစုပေါင်း တန်ဘိုး ၃၇၀၀၀ိ/-ခန့်အား ရောင်းချနေစဉ် ဖမ်းဆီးရမိ သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံ ရေးသွင်းသိမ်းဆည်းခဲ့ကြောင်း သိရသည်။ ဆင်ဆာမဲ့ခွေများ ရောင်းချသူ ဒေါ်စိန်လဲ့ (၄၉)နှစ် အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၈၁/၂၀၁၄၊ ဗွီဒီယိုအက် ဥပဒေပုဒ်မ ၃၂ (ခ) အရ အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment