ဖြစ်စဉ်မှာ ၀က္ကသေးရွာအနီး တောင်တွင်းကြီး-ပြည် ကားလမ်း မိုင်တိုင်အမှတ် ၂၆၆/၅ နှင့် ၂၆၆/၆ ကြား အရောက်တွင် တောင်တွင်းကြီးမြို့နယ်၊ ၀က္ကသေးရွာဘက်မှ ဆတ်သွားရွာဘက်သို့ မောင်းနှင် စီးနင်း လာသော တောင်တွင်းကြီးမြို့နယ်၊ ထန်းပင်တဲရွာနေ မျိုးဇော်မင်း(၂၀)နှစ်၏ Dream Jambo-110 အနက်ရောင်ဆိုင်ကယ် နှင့် ၄င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ တောင်တွင်းကြီးမြို့နယ်၊ သိမ်ကုန်းရွာနေ ကြည်စိုး (၂၈)နှစ်သည် ယာဉ်အမှတ် ၁၀ယ/xxxx လော့ဂျား-၁၁၀ အနက်ရောင် ဆိုင်ကယ်အား နောက်မှ ကန်ရိုးကြီးရွာနေ နိုင်လင်းအောင်(၂၆)နှစ်အား တင်ဆောင်၍ မောင်းနှင် လာစဉ် လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် မျိုးဇော်မင်း၊ ကြည်စိုးနှင့် နိုင်လင်းအောင် တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သည်။
ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ မျိုးဇော်မင်း (၂၀) နှစ်နှင့် ကြည်စိုး (၂၈)နှစ်တို့ (၂) ဦး အား တောင်တွင်းကြီးမြို့နယ် ၊ ဆတ်သွားနယ်မြေရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment