ဖြစ်စဉ်အား စစ်ဆေးရာ ရေစကြိုမြို့မှ ပခုက္ကူမြို့သို့ ရေနံချောင်းမြို့နယ်၊ မြေနီကန်ရွာနေ အောင်ကို (၂၅)နှစ် မောင်းနှင်လာသည့် ၉ဌ/xxxxx နီဆန်းဖောကားအပြာရောင်မှာ မျက်နှာချင်းဆိုင် မှလာသော ဆိုင်ကယ်(၂)စီးအား တိမ်းရှောင်စဉ် လမ်း၏ညာဘက်ရှိ ထနောင်းပင်အားတိုက်မိပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော စကုမြို့နယ်၊ ဘန်တန်းရွာကျေးရွာနေ လမ်းလုပ်သားများဖြစ်သော ဇော်နိုင်(၃၃)နှစ် ပါ ၆ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်ကိုအား အရေးယူပေးပါရန် ရေစကြို မြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment