ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ချက်ကန်တောတဲတိုက်နေသူ မစိန်ဌေးဝင်း(၃၀)နှစ်သည် ၁၆.၁၁.၂၀၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မောင်ဖြစ်သူ အောင်နိုင်ထံသို့ ၃၀ယ/xxxxx ကန်ဘို ၁၂၅ အနက်ရောင် ဆိုင်ကယ်ဖြင့် သွားရောက်ရာ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၃၆၈/၆ နှင့် ၃၆၈/၇ ကြား အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ ၀ဲဘက်နဖူး ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာဘက်လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သဖြင့် ခင်ပွန်းဖြစ်သူ ဇော်နိုင်မှ သွားရောက်၍ နေအိမ် သို့ ခေါ်ဆောင် လာခဲ့ကြောင်း၊ ၁၇.၁၁.၂၀၁၄ ရက်နေ့ နံနက် ၇ နာရီ ခွဲအချိန်ခန့်တွင် မစိန်ဌေးဝင်းမှာ ဆိုင်ကယ်မှောက်၍ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရ ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်စီးနင်းမောင်းနှင်သူ မစိန်ဌေးဝင်း (၃၀)နှစ် အား ပေါက်မြို့မရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment