Wednesday, November 19, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်နေ ထောင်ပွေး (၄၀)နှစ် မောင်းနှင်သော ယာဉ်အမှတ် ၉က/xxxx Misubishi (၆)ဘီးယာဉ်သည် မုံရွာ- ဂန့်ဂေါ-ဟားခါး ကားလမ်း မိုင်တိုင် အမှတ် ၁၀၆/၇ နှင့် ၁၀၇/၀ အကြား၊ တံတားအမှတ် ၂/၂၀၇ အရောက်တွင် ယာဉ် ၀ဲဘက်ရှေ့ဘီး ပေါက်ပြီး ကားလမ်း၏ ၀ဲဘက်တံတားနီး အနက် ၁၅ ပေခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ထောင်ပွေးတွင် ဦးခေါင်းကွဲထွက်ဒဏ်ရာ နှင့် ယာဉ်နောက်လိုက် မောင်အားမွန်တွင် ဦးခေါင်း(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ၀ဲ/ယာ မျက်ခုံးပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဟားခါးမြို့၊ ပြည်တော်သာရပ်နေ ယာဉ်ပိုင်ရှင် ဦးကျဲအိုအောင်(၃၆)နှစ် နှင့် ယာဉ်ပိုင်ရှင်၏သား မောင်တေးဥာဏ်(၃)နှစ်တို့တွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများ အသီးသီး ရရှိခဲ့ပါသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ထောင်ပွေးအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထား ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video