ဂန့်ဂေါ နိုဝင်ဘာ ၁
ဂန့်ဂေါမြို့နယ်၏ လူမှုရေးအသင်းတစ်ခုဖြစ်သည့် ပုညဟိတေသီ ဆွမ်းဆန်တော်လောင်းလှူရေး အသင်း၏ ဥပသမ္ပဒကံဆောင်မင်္ဂလာပြုခြင်းနှင့် စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူ ဒါန်းပွဲကို နိုဝင်ဘာ ၁ ရက်နံနက်က ဂန့်ဂေါမြို့ မြို့မတောရကျောင်း၌ကျင်းပ၍ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ပုညဟိတေသီ ဆွမ်းဆန်တော်လောင်းလှူရေးအသင်းသည် ရရှိသည့်ဆွမ်းဆန်တော်များကို သာသနာပြုကျောင်းများဖြစ်သော ဂန့်ဂေါမြို့နယ်အတွင်းရှိ အန်းတာရွာ သာသနာပြုကျောင်းနှင့် ချင်းပြည်နယ် ရှိ ဟားခါးမြို့ တပ်ဦးကျောင်း၊ ရန်းစီး၊ ဘုန်းဇုန် ကျေးရွာများရှိ သာသနာပြုကျောင်းများသို့ ပေးပို့လှူဒါန်းသည့် အပြင် သဘာဝဘေးအန္တရာယ်ကျရောက်သူများအားလည်း ထောက်ပံ့လျှက်ရှိသည်။ အဆိုပါအသင်းနှင့် ဆက် သွယ်လိုလျှင် ဖုန်း ၀၉၂၅၆၄၁၃၄၃၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ကျော်သန်းဆွေ
Saturday, November 1, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment