Saturday, November 1, 2014

ဂန့်ဂေါ အောက်တိုဘာ ၃၁
    လောင်းကစားကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူအခြေပြုရဲလုပ်ငန်းများ အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ရေး ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ရာ ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှမင်း က အမှာစကားပြောကြာ။သည်။
    ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးဘိုဆန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်း၊ ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်၊ မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့(ခွဲ) ဥက္ကဌ ဦးမြင့်ဦးတို့နှင့် တက်ရောက်လာကြ သူများတို့က ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် လောင်းကစားကင်းစင်သည့် နယ်မြေအဖြစ် ဆောင်ရွက်နိုင် ရေးနှင့် ပြည်သူအခြေပြု ရဲလုပ်ငန်းးများအောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အပါအဝင် လူကုန်ကူးမှုတားဆီးရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးစသည့် လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေး ကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video