Saturday, November 1, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀နာရီ ၄၀ အချိန် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာအနောက်မြောက်ဘက် တောထဲတွင် နေထိုင်သော တင်မိုး(၄၅)နှစ် ၏ နေအိမ်တွင် သုံးလုံးထီ (ချဲထီ)လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၀/၂၀၁၄)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ တင်မိုးအား သုံးလုံးထီ (ချဲထီ)လောင်းကစားပြု လုပ်နေစဉ် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ LGစာတမ်းပါ အဖြူအနက် စပ်နှိပ်ခလုတ်ဖုန်း (ဖုန်းနံပါတ် ၀၉-၂၅၉၈၀၂၅၄၈) တစ်လုံး၊ HUAWEI စာတမ်းပါ အပြာရောင် အဖုံးတပ် (ဖုန်းနံပါတ် ၀၉-၄၀၁၆၄၁၆၆၆) တစ်လုံး၊ ငွေစက္ကူရောရာ (၉၃၈၀၀ိ/-)နှင့် ချဲထီလာရောက် လောင်းကစား သူ မကွေးမြို့၊ သူဌေးကုန်း ရပ်ကွက်နေ ကိုကိုမောင်(၄၇)နှစ် ထံမှ ငွေစက္ကူရောရာ (၂၇၀၀ိ/)နှင့် ၎င်းစီးနင်းလာသော ၄ယ/၂၄၃၂၄၊ ဟွန်ဒါ၊ စူပါကပ်အစိမ်းရောင် ဆိုင်ကယ်တို့အား သိမ်းဆည်းရမိသဖြင့် သုံးလုံးထီ(ချဲထီ)အား လောင်းကစားဒိုင်အဖြစ်ပြုလုပ်သူ တင်မိုးနှင့် လောင်းကစားပြု လုပ်သူ ကိုကိုမောင်တို့အား မကွေးမြို့မရဲစခန်း(ပ) ၂၆၈/၂၀၁၄၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video