ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာနေ ယာဉ်မောင်း ထွန်းထွန်းဝင်း(၃၅) မောင်းနှင်သော စ/၂၅၄၆၊ ဟီးနိုး (၆)ဘီး၊ စိမ်းပြာရောင်မော်တော်ယာဉ်မှာ အိမ်သုံးဝါးလုံး (၁၃၀၀)ခန့်တင်ဆောင်၍ တစ်ရွာတည်းနေ ယာဉ်နောက်လိုက် ခင်မောင်ကြိုင်(၂၂)နှစ် လိုက်ပါလျက် ပေါက်မြို့နယ်၊ မဲချောင်း တောတိုက်မှ သရက္ကန်ကျေးရွာ သို့ မောင်းနှင်လာစဉ် လယ်မတောတိုက်အနီး မိုင်တိုင်အမှတ်၊ ၂၅/၄ အရောက်တွင် ကားဘရိတ်ပေါက်၍ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်း ထွန်းထွန်းဝင်း နှင့် ယာဉ်နောက်လိုက် ခင်မောင်ကြိုင် တို့သည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ထွန်းထွန်းဝင်းအား ရေပြာနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment