Sunday, October 12, 2014

မကွေး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊မကွေးမြို့၌ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ဓါတ်အားပျောက်ဆုံး မှု လျော့နည်းကျဆင်းရေးအတွက် Anologue မီတာများနေရာတွင် ပိုမိုအဆင့်မြင့်၍ ထိန်းချုပ်စီမံခန့်ခွဲရန် လွယ်ကူသော OMR Digital မီတာများအစားထိုးအသုံးပြုနိုင်ရေးစီမံဆောင်ရွက်လျှက်ရှိရာ မကွေးမြို့တွင်း လမ်းမကြီးများရှိ ကွန်ကရစ်ဓါတ်တိုင်များပေါ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ လဲလှယ်တပ်ဆင်မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုများပြားသည့် မကွေးမြို့နှင့်ပခုက္ကူမြို့တို့တွင် မီတာများလဲလှယ်တပ်ဆင်နိုင်ရေးအား ကနဦးလုပ်စန်းစဉ်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်လုပ် ငန်းများဖြစ်သည့် မီးလိုင်းကြိုးများထိန်းသိမ်းပြုပြင်ခြင်း၊ အသစ်လဲလှယ်ခြင်း၊ ဗို့အားမြှင့်ထရန်စဖော်မာများ ပြောင်းလဲတပ်ဆင်ခြင်း ၊ ယိုင်နဲ့နေသောဓါတ်တိုင်များ နှင့် ဟောင်းနွမ်းဆွေးမြေ့နေသောသစ်သားဓါတ်တိုင် များ အသစ်လဲလှယ်ခြင်း ၊ ဓါတ်အားလိုင်းကြိုးများလျော့ကျနေခြင်းကြောင့် ကြိုးအချင်းချင်းပွတ်တိုက်မှုမှ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်ရေးတို့အား လုပ်ငန်းစီမံချက်များချကာဆောင်ရွက်သွားမည်ဖြစ်သည်။
မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုး ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ ၊ မြို့မိမြို့ဖများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာ ဦးသိန်ထိုက်မွှေး နှင့် သက်ဆိုင်ရာ လျှပ်စစ်တာဝန်ခံများ၏ ဆွေးနွေးညှိနှိုင်းချက်အရ လျှပ်စစ်အန္တရာယ်ကင်းဝေးရေးအား ၀ိုင်းဝန်းဆောင်ရွက် သွားမည်ဖြစ်ပြီး လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများမှ ဒစ်ဂျစ်တယ်မီတာအလုံး(၁၀၀၀၀)ကျော်ကို ကွန်ကရစ် ဓါတ်တိုင်များ၌ လိုက်လံတပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။


   ဇေယျတု(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video