Sunday, October 12, 2014

မကွေး အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မြို့သစ်မြို့ နှင့် နေပြည်တော်ကောင်စီနယ်မြေနယ်စပ်အနီး အသက်(၉)နှစ်ခန့်ရှိ တောဆင်ရိုင်းတစ်ကောင် အစွယ်ဖြတ်ခံရပြီးသေဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ သတင်းအရ မြို့သစ်မြို့နယ် သစ်တောဦးစီးမှူးဦးချစ်လွင်နှင့် စတုံကြိုးဝိုင်းဘိနယ် မှ သစ်တောဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ ၊တပ်ကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဥိးယိုင်ထူးပါ သစ်တောဝန်ထမ်းများ ပူးပေါင်း၍ မြို့သစ်မြို့နယ်၊စတုံသစ်တောကြိုးဝိုင်းအတွင်း ကွင်းနင်း စစ်ဆေးခဲ့ရာ အောက်တိုဘာလ ၉ရက်နေ့ မွန်းလွဲ၂နာရီ၄၅မိနစ်အချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ရွှေပန်းကျေးရွာ ၏ အရှေ့ဘက် (၁၃)မိုင်ခန့်အကွာ ကွင်းအမှတ်(၁၈၇)တွင် လောက်တက်၍ အရိုးကျနေသည့်ဆင်သေ တစ်ကောင်၏ အရိုးစုအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါဆင်သေအား မြို့သစ်မြို့နယ်၊ရွှေပန်းကျေးရွာအုပ်စု၊သရက်စမ်းတဲတိုက်နေ ဦးဇော်ဦး ၊ ဦးအောင်တင်ဝင်း၊ ဦးညွန့်ရွှေနှင့်ဦးရွှေမန်းတို့မှ လိုက်လံပြသခဲ့ခြင်းဖြစ်ပြီး ဆင်သေကောင်မှာလွန်ခဲ့သော ရက်(၂၀)ခန့်က သေဆုံးခဲ့ခြင်းဖြစ်နိုင်ပြီး အစွယ်ဖြတ်ခံထားရကြောင်း၊ အဖိုအမ အတိအကျခွဲခြား၍မရနိုင် ကြောင်း ၊ အသက်(၉)နှစ်ခန့်ရှိပြီး တောဆင်ရိုင်းတစ်ကောင်ဖြစ်နိုင်ကြောင်း သစ်တောဦးစီးဌာနတာဝန်ရှိသူ တစ်ဦး၏ သုံးသပ်ပြောကြားချက်အရ သိရသည်။  ဇေယျတု(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video