ပုလဲဘက် မှ ဂန့်ဂေါ-ကလေးဘက်သို့လာသော ကုန်ကားတစ်စီးမှ Fiber Cable ကြိုးတိုင်အား တိုက်မိ၍ တိုင်ကျိုးသွားကြောင်းနှင့် ကလေး-ဂန့်ဂေါဘက်မှ ပုလဲဘက်သို့ မောင်းလာသည့် ကားတစ်စီးမှ ဖုန်း Cable ကြိုးများအားတိုက်မိပြတ်တောက်သွားသဖြင့် ဖုန်းတိုင်ကျိုးအောင် တိုက်ခဲ့သည့် ယာဉ်မောင်းနှင့် ဖုန်း Cable ကြိုးများပြတ်တောက်အောင် တိုက်သွားသည့်ယာဉ်မောင်းတို့အား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးခင်မောင်တင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း(ပ)၇၀/၂၀၁၄၊ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးစောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။
အမှုစစ် ဂန့်ဂေါမြို့မရဲစခန်းမှူးသည် Cable ကြိုးတိုင်နှင့် Cable ကြိုးအား တိုက်ပြီးထွက်ပြေးသွားသည့် ယာဉ်မောင်းများနှင့်ပတ်သက်၍ စုံစမ်းလျှက်ရှိပြီး Cable ကြိုး ပြတ်တောက်ခြင်းကြောင့် ဂန့်ဂေါမြို့တွင်း GSM လိုင်းများ ၎င်းနေ့ နံနက် ၁၁ နာရီ ၅၅ အချိန်မှစတင်၍ ဆက်သွယ်ရေး ပြတ်တောက်လျှက်ရှိပါသည်။
အဆိုပါ ပျက်စီးသွားသည့် တယ်လီဖုန်း Cable ကြိုးတိုင်နှင့် Cable ကြိုးအား ဂန့်ဂေါမြို့၊ မြန်မာ့ ဆက်သွယ်ရေးဌာနမှ ဦးခင်မောင်တင့် ဦးစီးသည့်အဖွဲ့မှ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်၍ ပြုပြင်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၁၀ အချိန်တွင် ပြုပြင်ပြီးစီး၍ GSM လိုင်းများနှင့် ကြိုးဖုန်းလိုင်းများ ပြန်လည်ဆက်သွယ် ရရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment