၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညဥ့်ဦးလှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် မကွေးမြို့၊ ကန်သာရပ်၊ ပြည်တော်သာလမ်း၊ နေခြည်ကွမ်းယာဆိုင်ရှေ့ ကားလမ်းမ ပေါ်တွင် အရက်သေစာသောက်စားရမ်းကားနေသူ အောင်မေတ္တာ (ဘီ) အုပ်စုနေသူ ရဲနောင် (၂၁)နှစ် အား တွေ့ရှိ၍ သက်သေများနှင့်အတူ ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေခဲ့ရာ ရဲနောင်၏ ကချင်လွယ်အိတ်အပြာရောင်ထဲမှ အရိုး (၆)လက်မ၊ အသွား (၅)လက်မ၊ ဗျက် (၁)လက်မ၊ စတီးရိုးတပ်ခွေးသွားစိပ်ပါ ဓါးဦးချွန်ခေါက်ဓါးမြှောင်(၁)ချောင်းအား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ရဲနောင်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၅၅/၂၀၁၄၊ လက်နက်ဥပဒေ ပုဒ်မ-၁၉(င) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment