ဖြစ်စဉ်မှာ ရေစကြိုမြို့နယ်၊ ငါးလှန်ကျေးရွာနေ မ xxxxx (၂၀)နှစ်သည် ရွာပြင်ရှိ ယာခင်းတဲတွင် တောင်ယာ လုပ်ငန်း လုပ်ကိုင်ရာမှ တစ်ဦးတည်းပြန်လာပြီး နေအိမ်သို့ရောက်စဉ် နေအိမ်အိပ်ခန်း အတွင်းသို့ အ၀တ် လဲရန် ၀င်ရောက်ခဲ့ရာ မxxx ၏ ခင်ပွန်းဖြစ်သူ၏ အစ်ကိုအရင်းဖြစ်သူ ၎င်းရွာနေ ဖိုးနိုင်(၃၅)နှစ် သည် နေအိမ်အိပ်ခန်းအတွင်းသို့ ၀င်ရောက်လာ၍ မ xxxx အား ဖက်လှဲကာ အပေါ်မှ တက်ခွပြီး သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်စဉ် ရုန်းကန်ကာ အိပ်ခန်းအတွင်းမှ ထွက်ပြေးခဲ့ရာ ဖိုးနိုင်မှ ထပ်မံ၍နောက်မှ လိုက်လာပြီး မxxxx ၏ လက်နှစ်ဖက်အားဆွဲစဉ် အိမ်နီးချင်းဖြစ်သည့် ဦးရွှေဖားနှင့် ဒေါ်ရင်ရွှေတို့မှ တွေ့မြင်ခဲ့၍ ရုန်းကန်ထွက်ပြေးလွတ်မြောက်ခဲ့သည်။
အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူ ဖိုးနိုင်အား အရေးယူပေးရန် မxxx မှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း(ပ) ၉၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment