Sunday, October 26, 2014
1:25 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် မကွေးတိုင်းပြည်သူ့
ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့်အဖွဲ့သည် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ အခမဲ့အထွေထွေရောဂါ ဆေးဝါးကုသမှုများကို အောက်တိုဘာ ၂၅ရက်နေ့က ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး ခဲ့ပါသည်။
ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများနှင့် ဆရာဝန်ကြီးများအား ၀န်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်ကလေး နာယက ဒေါ်စမ်းစမ်းမြင့်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့တို့ ပူးပေါင်း၍ ချောက်မြို့ရှိ သက်ကြီးဘိုးဘွား(၃၈)ဦးတို့အား ကန့်တော့ပစ္စည်းများနှင့် ဆေးဝါးများအား ပေးအပ်လှူဒါန်း ခဲ့ပါသည်။ဘိုးဘွားကန့်တော့ပွဲသို့ မတက်ရောက်နိုင်သည့် ဘိုးဘွား(၄)ဦးအား အိမ်တိုင်ရာရောက် သွားရောက် ၍ ကန့်တော့ပစ္စည်းများနှင့်ဆေးဝါးများအား လှူဒါန်းပေးပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းများ
ဆောင်ရွက်ခဲ့ပါ သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့တို့
ပူးပေါင်းဆောင်ရွက် သည့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ၊ အိုင်အိုဒင်းဆားနှင့်ဆေးဝါးပစ္စည်းများ ထောက်ပံ့ခြင်းအခမ်း အနားကို နံနက်(၉း၀၀)နာရီကချောက်မြို့ မြတ်မိခင်သားဖွားခန်း မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးတွင်ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်နှင့် ဥက္ကဌ ဒေါ်သင်းသင်းထွေး၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်တို့မှ ကိုယ်ဝန်ဆောင် သိကောင်းစရာများအား ရှင်းလင်းပြောပြီး ကိုယ်ဝန်ဆောင်မိခင်များ အား အာဟာရ၊ အိုင်အိုဒင်းဆားနှင့် ဆေးဝါးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် နံနက်(၁၁း၀၀)အချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က လုံခြုံစိတ်ချ မိခင်ဘ၀ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ တင်မောင်ဆွေက တီဘီရောဂါအကြောင်းသိကောင်းစရာများ၊ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး
ဦးသန်းညွှန့်က တိုင်းရင်းဆေးနှင့် အိမ်တွင်းမှုကျန်းမာရေးအကြောင်းနှင့် ဒေါက်တာမျိုးကျော်သူ (စိတ်ကျန်းမာရေး)က စိတ်ကျန်းမာရေးအကြောင်းများ အသိပညာပေးဟောပြောခဲ့သည်။ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့မှ အသင်းဝင်များအား အသင်းဝတ်စုံ၊ ရင်ထိုးတံဆိပ်၊ ဆေးစိမ်ခြင်ထောင်၊ ယင်လုံအိမ်သာအတွက် အိမ်သာခွက်များကို ပေးအပ်ခဲ့ပြီး ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့ နာယကနှင့်အဖွဲ့မှ အခမ်းအနားသို့တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့ နာယကနှင့်အဖွဲ့သည် ချောက်မြို့ အမှတ်(၁၀)ရပ်ကွက် ရောင်ခြည်ဦးစာကြည့်တိုက်သို့သွားရောက်ပြီး သုတ/ရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment